• Awesome Blogging Theme!
  • Active Yoga Class

Main Sponsor


read more →

Main Sponsors



read more →

Main Sponsor အတွက်စီစဉ်ပေးမည့်အစီအစဉ်များ


     Main Sponsorအတွက်စီစဉ်ပေးမည့်အစီအစဉ်များ

1.         (10x 10)ပေ ပြခန်း(6)ခန်း စီစဉ်ပေးခြင်းနှင့် Stageစင်အသုံးပြုခွင့်စီစဉ်ပေးခြင်း။
2.         MCCခန်းမရှေ့အ၀င်မုခ်ဦးတွင်ကြော်ငြာဗီနိုင်းတပ်ဆင်ခွင့်ပေးခြင်း။
3.         သတင်းစာကြော်ငြာတိုင်းတွင်Main Sponsor အဖြစ်ထည့်သွင်းကြော်ငြာပေးခြင်း။
            ခြွင်းချက်။ နိုင်ငံခြားကုန်ပစ္စည်းအစားCompany Name ဖြင့် အစားထိုးကြော်ငြာပေးခြင်း။
4.         လက်ကမ်းစာစောင်များတွင်လည်းMain Sponsor အဖြစ်ထည့်သွင်းပြီးအချက်အချာကျသောနေရာများတွင် ကြော်ငြာကမ်းပေးခြင်း။
5.         Balloon banner (6) လုံး ကြော်ငြာခွင့်ရရှိခြင်း။
6.         MCC ခန်းမရှေ့တွင် (9 x 20)ပေ Vinyl (8) ချပ်စီစဉ်ပေးခြင်း။
7.         ဖျော်ဖြေရေးအစီအစဉ်တွင်Main Sponsor ဖြစ်ကြောင်းနှင့် ထုတ်ကုန်ပစ္စည်းကို ကြော်ငြာပေးခြင်း။
8.         ပြပွဲစီစဉ်သူ၏ Advertising Programme များတွင် ဦးစားပေးထည့်သွင်းကြော်ငြာပေးခြင်း။
9.         Yangon Mega Expo အား website ဖြင့် ကြော်ငြာသွားမည်ဖြစ်ပြီး Main Sponsor အမည်ကိုလည်း ဖော်ပြပေးသွားမည်ဖြစ်သည်။
10.      Main Sponsor အတွက်ကျသင့်သည့်ဈေးနှုန်းမှာ (ကျပ်သိန်းနှစ်ရာ)ဖြစ်ပါသည်။
11.      T-shirt  အထည် (၇၀၀)ကို Main Sponsor၏အမည်အား လက်မောင်းတွင် ရိုက်နှိပ်ပေးမည်ဖြစ်ပြီးOnline registration  ပြုလုပ်သူအယောက်(၃၀၀)အား T-shirt  လက်ဆောင်များပြပွဲရက်အတွင်း ပေးအပ်သွားပါမည်။ ထို့ပြင် ပြပွဲဖွင့်ပွဲနေ့ ပထမဦးဆုံးလာရောက်သူ အယောက်(၃၀၀)အားလည်း မေတ္တာလက်ဆောင် ပေးအပ်သွားမည်ဖြစ် သည်။
12.      ဖျော်ဖြေရေးအစီအစဉ်အနေဖြင့်သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးပုံဖော်ခဲ့သောအကယ်ဒမီ()ထပ်ဆင့် ရုပ်ရှင် ဒါရိုက်တာမောင်တင်ဦး ဦးစီးသည့် ‘‘Heart of Art’’ Performance & Art Creation Group အဖွဲ့၏ ဖန်တီး တီထွင်မှုဖြင့် ရုပ်ရှင်နှင့် ကြော်ငြာသရုပ်ဆောင်ပြိုင်ပွဲ New Faces Contest 2013 ကို စီစဉ်သွားမည်ဖြစ်ပြီးဆုရရှိ သူများကို ဆုချီးမြှင့်ရာ တွင်လည်း Main Sponsor နာမည်ဖြင့် ပထမဆု ငွေကျပ်(၁၀)သိန်း၊ ဒုတိယဆု ငွေကျပ်()သိန်း၊ တတိယဆုငွေကျပ် ()သိန်းနှင့် အခြားနှစ်သိမ့်ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
            မှတ်ချက်။     ရုပ်ရှင်သရုပ်ဆောင်များမှမျက်နှာသစ်ပြိုင်ပွဲဝင်များနှင့်တွဲဖက်ကူညီသွားပါမည်။

read more →

Yangon Mega Expo


read more →

ပြပွဲတွင်ဝင်ရောက်ပြသခြင်းဖြင့် ရနိုင်မည့် အကျိုးကျေးဇူးများ

 

အတာသင်္ကြန်အကြို ရန်ကုန်မဟာကုန်စည်ပြပွဲကို ၀င်ရောက်ပြသခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

၁။    အတာသင်္ကြန်အကြို ရန်ကုန်မဟာကုန်စည်ပြပွဲ ၂၀၁၃ ကို ပါဝင်ခြင်းအားဖြင့် လူကြီးမင်းတို့ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းနှင့်  ၀န်ဆောင်မှုများကို တစ်နေရာထဲတွင် ပြပွဲလာရောက်ကြည့် ရှုသူများ အား ကြော်ငြာနိုင်ခြင်းနှင့် အရောင်းမြှင့်တင်နိုင်ခြင်း။


၂။    ရန်ကုန်မြို့၏ စီးပွားရေးဇုန်များအကောင်အထည်ဖော်ရာတွင် ယခုပြပွဲကျင်းပရာ MCC ခန်းမနေရာသည်လည်း တစ်ခု  အပါအ၀င်ဖြစ်ခြင်း။

၃။    စီးပွားရေးအချက်အချာကျသောနေရတွင် ပြပွဲကျင်းပခြင်းဖြင့် လုပ်ငန်းရှင်ကြီးများ ပိုမိုအကျိုးဖြစ်ထွန်းစေရန် ကြိုတင်လေ့  လာနိုင်မည့် ပြပွဲဖြစ်ခြင်းနှင့် စီးပွားရေး အခွင့်အလမ်းများစွာ ရရှိခြင်း။

၎။    လူကြီးမင်းတို့၏ ကုန်ပစ္စည်းအသစ်အဆန်းနှင့် ၀န်ဆောင်မှု အရည်အသွေးတို့ကို ပြပွဲ လာရောက်လေ့လာ သူများအား မိတ် ဆက်ပြသနိုင်ခြင်း နှင့်အတူ ပိုမိုကျယ်ပြန့်စွာ တိုက်ရိုက် သိရှိရောင်းချနိုင်ခြင်း။

၅။ လူကြီးမင်းတို့၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများ၏ အသေးစိတ်အချက်အလက်များကို တိုက်ရိုက် သိရှိရောင်းချနိုင်ခြင်း။

၆။    လူကြီးမင်းတို့၏ ကုန်ပစ္စည်း ၀န်ဆောင်မှုနှင့် အမျိုးအစားတူ အခြားကုန်ပစ္စည်းများ၏ အားနည်းချက်၊ အားသာချက်များကို  လာရောက်လေ့လာသူများမှ ကောင်းစွာသဘောပေါက်ပြီ ပိုမိုကောင်း မွန်သောဈေးကွက်ကို ရှာဖွေထိုးဖောက်နိုင်ခြင်း။

၇။    ပြပွဲတွင် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ၀န်ဆောင်မှုပြခန်းများအား တစ်စုတစ်စည်းတည်း စီစဉ်ထားမည် ဖြစ်သော  ကြောင့် လူကြီးမင်းတို့လိုအပ်သော ကျွမ်းကျင်ဝန်ထမ်း (၀န်ထမ်းကောင်းများကို) အချိန်တိုအတွင်း စိတ်ကြိုက်ရွေးချယ်နိုင်ပြီး လုပ်ငန်းရှင်ကြီးများအား ‘‘Dagon Exhibitions Limited ’’မှ တစိတ်တပိုင်းအထောက်အပံ့ပြုနိုင်မည့် ပြပွဲဖြစ်ပါ  ကြောင်း။
                            


read more →

YANGON MEGA EXPO 2013

YANGON MEGA EXPO 2013

Including: BUILDING MATERIALS, ELECTRONICS & AUTOMOBILE      Including: JOB FAIR

MYANMAR CONVENTION CENTER, YANGON, MYANMAR

MARCH 30 to APRIL 2, 2013
လေးစားခင်မင်ရပါသော လူကြီးမင်းခင်ဗျား


‘‘Dagon Exhibitions Limited’’ သည် ၂၀၁၃ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ ရန်ကုန် မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ၊ MCC ခန်းမတွင် အတာသင်္ကြန်အကြို ရန်ကုန်မဟာကုန်စည်ပြပွဲ ၂၀၁၃ ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြပွဲတွင် ပြည်တွင်းပြည်ပမှ အိမ်ရာအဆောက်အအုံအရောင်းပြခန်းနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ခေတ်မီပရိဘောဂပစ္စည်းများ၊ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ အရည်အသွေးအဆင့်မီ အိမ်သုတ်ဆေးများ၊ စက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ အီလက်ထရွန်းနစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများ၊ စာရေးကိရိယာများ၊ ပြည်တွင်းပြည်ပမှ ဆေးဝါးများ၊ အလှကုန်နှင့် ဆက်စပ်ပစ္စည်းများ၊ အ၀တ်အထည် နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း များ၊ ပညာရေးဝန်ဆောင်မှုသင်တန်းကျောင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာပြခန်းများ၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ  ၀န်ဆောင်မှုဘဏလုပ်ငန်းတို့ ဈေးကွက်အတွင်းနှင့် သုံးစွဲသူ ပြည်သူလူထုအတွင်း အရှိန်အဟုန်ပြင်းစွာ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်စေရန် ရည်ရွယ်ပြီး စီစဉ်ကျင်းပမည့် ပြပွဲဖြစ်ပါသည်။

ပြည်သူလူထုစိတ်ဝင်စားသော ကားအရောင်းပြခန်းများ၊ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ရထားသောကုမ္ပဏီများ၊ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများ၊ စက်ဆီ ချောဆီများ၊ ကားဘက်ထရီများ၊ ကားတာယာများ၊ ကားအလှဆင် ပစ္စည်း များ၊ ကားအော်ဒီယိုနှင့် ဆက်စက်ပစ္စည်းများ၊ ကားအင်ဂျင်အပိုပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းတို့လည်း ၀င်ရောက်ပြသ မည့် ပြပွဲဖြစ်ပါသည်။ ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အလုပ်ရှာဖွေရေးပြခန်းများလည်း ၀င်ရောက်ပြသနိုင်ပြီး ထူးချွန်ဝန်ထမ်းများ လိုအပ်သောကုမ္ပဏီများအတွက် ရည်ရွယ်ပြီး စီစဉ်ကျင်းပမည်ဖြစ်ပါသည်။

လူကြီးမင်းတို့၏ အဆင့်မြင့်ကုန်ပစ္စည်းများ၊ အဆင့်မြင့်ဝန်ဆောင်မှုများနှင့် မော်တော်ယာဉ်တို့ကို အရောင်းမြှင့်တင် ခြင်းပြုလုပ်ရာတွင် သုံးစွဲသူပြည်သူလူထုမှ ကျယ်ပြန့်စွာ တိုက်ရိုက်သိရှိဆက်သွယ် ၀ယ်ယူနိုင်စေရန်နှင့် ဈေးကွက်အတွင်း ပိုမို ထိုးဖောက်နိုင်စေရန် ‘‘Dagon Exhibitions Limited’’ နှင့် ပူပေါင်းပါဝင်ပြသခြင်းဖြင့် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုတို့အတွက် အောင်မြင်မှုပိုမိုခိုင်မာစွာရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါသည်။

ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့သော အကယ်ဒမီ (၅) ထပ်ဆင့် ဆုရှင် ရုပ်ရှင်ဒါရိုက်တာ မောင်တင်ဦး ဦးစီးသည့် ‘‘Heart of Art’’ Performance & Art Creation Group  ၏ ဖန်တီး တီထွင်မှုဖြင့် ရုပ်ရှင်နှင့် ကြော်ငြာသရုပ်ဆောင်ပြိုင်ပွဲ New Faces Contest 2013 ကို စီစဉ်သွားမည်ဖြစ်ပါသည်။

အတာသင်္ကြန်အကြို ရန်ကုန်မဟာကုန်စည်ပြပွဲ ၂၀၁၃ တွင် မိမိတို့၏အဆင့်မြင့်ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများနှင့် မော်တော်ယာဉ်တို့ကို ပြသရောင်းချလိုသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်ကြီးများအား ‘‘Dagon Exhibitions Limited’’ မှ လှိုက်လှဲနွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

မှတ်ချက်။    ။ ပြခန်း Booking ပြုလုပ်သည်နှင့် စရံငွေ ၅၀% ပေးချေပါရန်

လေးစားစွာဖြင့်

Board of Director

No .216, Strand Road, Pabedan Township, Yangon. Tel: +950-0103450134, Fax: +951-240910 Email:dagonexhibitions@gmail.com

www.yangonmegaexpo.com
read more →

မဟာ ကုန်စည်ပြပွဲအတွက် နေရာချထားမှု ပုံစံ




read more →