
1. (10x 10)ပေ ပြခန်း(6)ခန်း စီစဉ်ပေးခြင်းနှင့် Stageစင်အသုံးပြုခွင့်စီစဉ်ပေးခြင်း။
2. MCCခန်းမရှေ့အ၀င်မုခ်ဦးတွင်ကြော်ငြာဗီနိုင်းတပ်ဆင်ခွင့်ပေးခြင်း။
3. သတင်းစာကြော်ငြာတိုင်းတွင်Main Sponsor အဖြစ်ထည့်သွင်းကြော်ငြာပေးခြင်း။
ခြွင်းချက်။ ။ နိုင်ငံခြားကုန်ပစ္စည်းအစားCompany Name ဖြင့် အစားထိုးကြော်ငြာပေးခြင်း။
4. လက်ကမ်းစာစောင်များတွင်လည်းMain Sponsor အဖြစ်ထည့်သွင်းပြီးအချက်အချာကျသောနေရာများတွင် ကြော်ငြာကမ်းပေးခြင်း။
5. Balloon banner (6) လုံး ကြော်ငြာခွင့်ရရှိခြင်း။
6. MCC ခန်းမရှေ့တွင် (9 x 20)ပေ Vinyl (8) ချပ်စီစဉ်ပေးခြင်း။
7. ဖျော်ဖြေရေးအစီအစဉ်တွင်Main Sponsor ဖြစ်ကြောင်းနှင့် ထုတ်ကုန်ပစ္စည်းကို ကြော်ငြာပေးခြင်း။
8. ပြပွဲစီစဉ်သူ၏ Advertising Programme များတွင် ဦးစားပေးထည့်သွင်းကြော်ငြာပေးခြင်း။
9. Yangon Mega Expo အား website ဖြင့် ကြော်ငြာသွားမည်ဖြစ်ပြီး Main Sponsor ၏ အမည်ကိုလည်း ဖော်ပြပေးသွားမည်ဖြစ်သည်။
10. Main Sponsor အတွက်ကျသင့်သည့်ဈေးနှုန်းမှာ (ကျပ်သိန်းနှစ်ရာ)ဖြစ်ပါသည်။
11. T-shirt အထည် (၇၀၀)ကို Main Sponsor၏အမည်အား လက်မောင်းတွင် ရိုက်နှိပ်ပေးမည်ဖြစ်ပြီးOnline registration ပြုလုပ်သူအယောက်(၃၀၀)အား T-shirt လက်ဆောင်များပြပွဲရက်အတွင်း ပေးအပ်သွားပါမည်။ ထို့ပြင် ပြပွဲဖွင့်ပွဲနေ့ ပထမဦးဆုံးလာရောက်သူ အယောက်(၃၀၀)အားလည်း မေတ္တာလက်ဆောင် ပေးအပ်သွားမည်ဖြစ် သည်။
12. ဖျော်ဖြေရေးအစီအစဉ်အနေဖြင့်သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးပုံဖော်ခဲ့သောအကယ်ဒမီ(၅)ထပ်ဆင့် ရုပ်ရှင် ဒါရိုက်တာမောင်တင်ဦး ဦးစီးသည့် ‘‘Heart of Art’’ Performance & Art Creation Group အဖွဲ့၏ ဖန်တီး တီထွင်မှုဖြင့် ရုပ်ရှင်နှင့် ကြော်ငြာသရုပ်ဆောင်ပြိုင်ပွဲ New Faces Contest 2013 ကို စီစဉ်သွားမည်ဖြစ်ပြီးဆုရရှိ သူများကို ဆုချီးမြှင့်ရာ တွင်လည်း Main Sponsor ၏ နာမည်ဖြင့် ပထမဆု ငွေကျပ်(၁၀)သိန်း၊ ဒုတိယဆု ငွေကျပ်(၇)သိန်း၊ တတိယဆုငွေကျပ် (၅)သိန်းနှင့် အခြားနှစ်သိမ့်ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
မှတ်ချက်။ ။ရုပ်ရှင်သရုပ်ဆောင်များမှမျက်နှာသစ်ပြိုင်ပွဲဝင်များနှင့်တွဲဖက်ကူညီသွားပါမည်။






























